Wednesday 5 August 2009

Seafood ဟင်း နဲ့ ပဲပြားသုပ်

Seafood ဟင်း



Processed လုပ်ပြီးသား Ready Made Seafood ပါ၊ခရု တစ်မျိုး လို့ထင်ပါတယ်၊ပုံစံကကြက်အူနဲ့ တူပါတယ်၊ ကြက်သွန်ဖြူ၊နီ ဂျင်း ငရုပ်သီး ထောင်းပြီး ဆီသပ်ပါတယ်၊ဆီသပ်ပြီးရင် seafood နဲ့ ရေနည်းနည်း ထည့်ပြီး တည်ထားပါတယ်၊ရေခမ်းသွားရင် ရေနည်းနည်း ထပ်ထည့်ပြီး တည်ပါတယ်၊ ဆီပြန်ခါနီးမှာ မဆလာလေးခပ်ပြီး စားလို့ ရပါပြီ။အရသာ ကလည်းကြက်အူ နဲ့ တူပါတယ်........



ပဲပြားသုပ်


ပဲပြားကိုကြော်ပြီး အနေတော်လေးတွေ ညှပ်ထားပါတယ်၊ဂေါ်ဖီနဲ့ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါတယ်၊ စားတော့မယ်ဆိုမှ အချိုမှုန့် ၊ပဲမှုန့် ၊ငရုပ်သီးမှုန့် ၊ပုဇွန်ခြောက်မှုန့်  ထည့်၊ငံပြာရည်ထည့်၊ဆီချက်ထည့်နယ်ပြီး စားလို့ ရပါပြီ။



1 comment:

စန္ဒကူး said...

ခရုတော့မစားရဲဘူး.. ဒါပေမယ့်ပဲပြားသုပ်လေးအရမ်း ကြိုက်တယ်.. စားသွားပီနော်..