Monday 24 August 2009

ကြက်သားဆီပြန် နဲ့ ကန်စွန်းရွက်ချဉ်ရည်


ကြက်သားဆီပြန်


ကြက်သားကိုအနေတော်အတုံးလေးတွေတုံးပြီး ဆား၊ဆနွင်းနယ်ထားပါတယ်။ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးထောင်းပြီး ဆီသတ်ပါတယ်။ပြီးရင်တော့ ကြက်သားထည့် ၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။ရေခမ်းသွားရင်တော့ ရေနည်းနည်းထပ်ထည့်ပြီးတည်ပါတယ်။ဆီမပြန်ခင် ရေနည်းနည်းကျန်နေသေးတဲ့အချိန်မှာ ကြက်သွန်နီလေးစိတ်စိတ်ထည့်၊ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီးထည့်လိုက်ပါတယ်။ဆီပြန်လာရင်တော့ မဆလာလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်....


ကန်စွန်းရွက်ချဉ်ရည်


superက ကန်စွန်းရွက်နဲ့ ပုဇွန်ကြော်လေးရလာလို့ ကန်စွန်းရွက်ချဉ်ရည်ဟင်းချက်လိုက်ပါတယ်။အရင်ဆုံး ကန်စွန်းရွက်ကို လှီးပြီးရေဆေးထားပါတယ်။ဆီနည်းနည်းနဲ့ ကြက်သွန်ဖြူ၊နီထည့်ကြော်ပါတယ်။ကြက်သွန်နွမ်းသွားရင် ပုဇွန်ကြော်၊ကန်စွန်းရွက်၊ဆား၊အချိုမှုန့် ၊ရေနည်းနည်းထည့် ပြီးလုံးထားလိုက်ပါတယ်။ဟင်းရွက်တွေနွမ်းသွားရင်တော့ မကျည်းမှည့်လေးရေဖျော်ပြီးထည့်လိုက်ပါတယ်။ဟင်းရည်ဆူလာရင်တော့ ငရုပ်သီးစိမ်း၊နံနံပင်လေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်ရှင်......

3 comments:

စူးနွယ်လေး said...

ကန်စွန်းရွက်ချဉ်ရည် သောက်ချင်တယ် ကောင်းမယ့်ပုံပဲ

မိုးကောင်းသူ said...

ကန်စွန်းရွက် ချဉ်ရည်ဟင်း လာသောက်သွားတယ်။ ကြိုက်လို့ပါ။

စန္ဒကူး said...

ကန်ဇွန်းရွက်ချဉ်ရေလေး အရမ်းကြိုက်တာ
ပုဇွန်ဆိတ်လေးတွေနဲ့ဆိုကောင်းမှကောင်း..